ထိုနေ့ ညနေက နီဗီးစကွဲယားရှိ စိန့် ပီတာခ၇စ်ယာန်ဘု၇ားကျောင်းတွငိေ၇ဖျန်းမင်္ဂလာတစ်ခု ကျင်းပခဲ့သည်။ခ၇စ်ယာန်ဘု၇ားရှိခိုးကျောင်း စောင့်ရှောက်သူ အဲလဗတ်ဖိုမင်သည် ယခုတိုင် အဆောင်အယောင် ၀တ်စုံကြီးကို မချွတ်သေးချေ။ထိုဝတ်ရုံကြီးအား သူသည် သေသေချာချာသိမ်းလေ့ရှိသည်။
အဲလဗတ်အက်ဒ၀ပ်သည် အလုပ်များနေသည်။ေ၇ဖျန်းမင်္ဂလာတွင် အသုံးပြုသည့် ကျောက်သားေ၇ခွက်ကို သစ်သားအဖုံးဖြင့် နေသားတကျ ဖုံးလိုက်သည်။ထိုင်ခုံများကိုလည်း နေသားတကျပြန်ထားနေသည်။ထိုစဉ် ကျောင်းထိုင်ခင်ကြီးထွက်လာသည်ကိုမြင်လိုက်၇သည်။သူလည်းပဲ ၀တ်ရုံရှည်ကြီးကို ၀တ်ဆင်ထားသည်။ထိုခင်ကြီးမှာ မကြာသေးမီကပင် အသစ်ေ၇ာက်လာသည့် ပုဂ္ဂိုလ်ဖြစ်သည်။အသက်အားဖြင့် လေးဆယ်ခန့် အတွင်းသာ ရှိသည့်အတွက် အားကြိုးမာန်တက် အလုပ်လုပ်နေသည်။အသံလွင်လွင်ဖြင့် ကျမ်းစာဟောတတ်သည်။ဖြည်းညှင်းစွာ ပြောဟောတတ် ဆိုဆုံးမတတ်သည်။
စိန့် ပီတာဘု၇ားကျောင်းဝန်းကျင်မှာေ၇ခံမြေခံအလွန်ကောင်းလေသည်။ ခ၇စ်ယာန်သာသနာ့ဝန်ထမ်းများဆိုသည်ကလည်း လူကောင်းသူကောင်းများသာ များလေသည်။သူပြောင်းလာသည်မှာ မကြာသေးသည့်အတွက်ကြောင့် သူတို့ ပတ်ဝန်းကျင်နှင့် အထာသိပ်မကျသေးမှာ သေချာသည်။
ခ၇စ်ယာန်ဘု၇ားရှိခိုးကျောင်းခင်ကြီးသည် အဲလဗတ်အနီးသို့ေ၇ာက်လာသည်။တော်တော်နီးသည့်အကွာအဝေးသို့ ချဉ်းကပ်လာပြီးမှ
`ဒီမှာဖိုမင် စည်းဝေးဆောင်ထဲမှာ စကားပြောစ၇ာရှိတယ် ခဏလောက်လိုက်ခဲ့ပါလား။´
`ကောင်းပါပြီခင်ဗျာ´သူရိုကျိုးစွာ ပြန်လည်တုံ့ ပြန်မိသည်။
စည်းဝေးဆောင်ေ၇ာက်လျင် ဘု၇ားကျောင်းကြီးကြပ်သူနှစ်ယောက်ကိုပါ တွေ့ လိုက်၇သဖြင့် တော်တော်အံ့သြသွားသည်။သူတို့ နှစ်ယောက် ဘယ်အချိန်ကေ၇ာက်နေမှန်းမသိ။သူ့ ကိုတွေ့  လိုက်တော့ ခေါင်းဆတ်ညိမ့်လိုက်ကြသည်။
သူ နူတ်ဆက်လိုက်သည် `ကောင်းသောညနေခင်းပါခင်ဗျာ´
ကျောင်းထိုင်ခင်ကြီး၏ မျက်နှာသည် တခုခု ဆုံးဖြတ်ထားသော ဟန်ရှိသည်။ကြီးကြပ်သူ ပုဂ္ဂိုလ်နှစ်ယောက်မျက်နှာသည် စိတ်မချမ်းသာဖြစ်နေပုံ ၇သည်။ထိုသူကြီးက ထုံးစံအတိုင်း ကြပ်ထားပုံ၇လေသည်။
ထိုသို့ ဖြစ်သွားသည့်တိုင် အဲလဗတ်၏ မျက်နှာတွင် အ၇ိပ်ထင်မလာခဲ့ချေ။ သူသည် ရိုရိုသေသေလေးလေးစားစားပင် ရှိနေလေသည်။သာသနာ့ဝန်ထမ်းမဖြစ်မီ သူသည် အိမ်ကြီးအိမ်ကောင်းတို့ တွင် ၀င်ေ၇ာက်အမှူထမ်းခဲ့သည်။သူသည် အကျင့်စာ၇ိတ္တများလည်းကောင်း၏။ ဥပဓိရုပ်အကောင်းကြီးမဟုတ်သော်လည်း ခန့် ခန့် ညားညားတော့ရှိသည်။ တာဝန်များကိုလည်း မပျက်မကွက် ဆောင်ရွက်တတ်သည်။သူ့ အကျင့်သိက္ခာမှာ မြူညစ်မှပင်မထင်။
ကျောင်းထိုင်ခင်ကြီးက ဖျတ်လတ်စွာပင် သူ့ လုပ်ငန်းကို စသည်။
`ဒီမယ် ဖိုမင် ခင်ဗျားဒီခ၇စ်ယာန်သာသနာပြုကျောင်းမှာ အလုပ်လုပ်လာတာကြာပြီ။အဖဘု၇ားသခင်ကကော ၇ပ်ရွာခ၇စ်ယာန်တွေကေ၇ာ ခင်ဗျားဘက်က တာဝန်ကျေတယ်လို့ အသိအမှတ်ပြုကြတယ်။ကျုပ်လည်း အတူတူခံစားမိပါတယ်´
ဘု၇ားကျောင်းကြီးကြပ်ေ၇းလူကြီးနှစ်ယောက်ကလည်းထောက်ခံကြောင်း ခေါင်းညိတ်လေသည်။
`ဒါပေမဲ့ ဆက်လက်၍ ခင်ဗျားနဲ့ ပတ်သတ်လို့ ထူးခြားတာ တစ်ခုတွေ့ တယ်။ဒီတော့က ကြီးကြပ်ေ၇းပုဂ္ဂိုလ်တွေကို အသိပေးဖို့ ၇ာက ကျနော့်တာဝန်ဖြစ်လာတယ်။ကိစ္စကတော့ ခင်ဗျားစာလုံးဝမဖတ်တတ်မေ၇းတတ်တာပဲ။တော်တော်အံ့သြစ၇ာကောင်းတယ်´
အဲလဗတ်၏ မျက်နှာတွင် အနေ၇ အထိုင်၇ခက်သည့် အ၇ိပ်ယောင် စိုးစဉ်းမျှမရှိ။
`အား..ဒီစကားမျိုးကြား၇တာ အံ့သြစ၇ာပဲ ဒီခ၇စ်ယာန်ဘု၇ားရှိခိုးကျောင်းမှာ ခင်ဗျားတာဝန်ထမ်းလာတာ ၁၆နှစ်ရှိပြီ။ အဲဒီကာလအတွင်း စာဖတ်တတ်အောင် စာေ၇းတတ်အေင် မသင်ကြားဘူးပေါ့။´
`ကျနော်အလုပ်စလုပ်တော့ ဆယ်နှစ်သားပါ။ ပထမနေ၇ာမှာ အဲဒီအိမ်က ထမင်းချက်က စာသင်ပေးပါတယ်။ဒါပေမဲ့ အဲဒီဘက်မှာ ကျနော်ကပါ၇မီနည်းတယ်ဗျ။ကျနော့်အဖို့  သိပ်လည်းမလိုဘူး။´
ကျောင်းထိုင်ဘုန်းကြီးက ဖြည်းညှင်းစွာ ပြောလိုက်သည်။
`ဒီတော့ဖိုမင်ေ၇ ဒီကိစ္စကို လူကြီးတွေနဲ့ ပြောဆိုဆွေးနွေးပြီးပြီ။ကျုပ်နဲ့  တစ်သဘောတည်းပဲ။ဒီအတိုင်းတော့ မဖြစ်နိုင်ဘူး။နီဗီးစကွဲယားက စိန်ပီတာလို ဘု၇ားရှိခိုးကျောင်းမှာ စာမဖတ်တတ်၊ စာမေ၇းတတ်တဲ့ ၀န်ထမ်းမျိုး ထားလို့ ဖြစ်ပါ့မလား´
အဲလဗတ်မျက်နှာနဲနဲနီလာသည်။မသက်မသာပင် ခြေနှစ်ဖက်ကို ရွှေ့ လိုက် ပြောင်းလိုက်လုပ်သည်။သို့ သော်သူဘာမျှပြန်မပြော။
`ကျုပ်ကိုတော့ နားလည်မယ်ထင်ပါ၇ဲ့ ။ခင်ဗျားမှာ အလုပ်အကိုင်နဲ့ ပတ်သတ်၇င် ဘာမျှအပြစ်ပြောစ၇ာမရှိပါဘူး။ဒါပေမဲ့ စာမတတ်လို့ ဖြစ်လာမည့် အကျိုးဆက်တစ်ခုခုကိုတော့ ကျုပ်တို့ ဒီအတိုင်း လျစ်လျုမရှူနိုင်ဘူး။ဒါက အခြေခံမူသဘောကိုပြောတာပါ။ဒါနဲ့ နေပါဦး ဖိုမင်၇ယ် ခင်ဗျားခုနေ စာသင်လို့ မဖြစ်နိုင်ဘူးလား။´
`အခုစာသင်လို့ တတ်မယ်ဆို၇င်တောင် သင်ချင်ပါ့မလားလို့ ကိုယ့်ကိုကို မေးကြည့်မိတယ်။´အဲလဗတ် ဖြေးညှင်းစွာ ပြောလိုက်သည်။
`ဒီလိုဆို၇င်တော့ ခင်ဗျားအလုပ်ထွက်ဖို့ ပဲရှိတယ်။´
`ဟုတ်ကဲ့ခင်ဗျာ ကျွန်တော်နားလည်ပါတယ်။ကျွန်တော့နေ၇ာမှာ လူစား၇၇င် နုတ်ထွက်လွှာတင်ပါ့မယ်။´
ကျောင်းထိုင်ခင်ကြီးနှင့် ကြီးကြပ်သူလူကြီးများထွက်သွားလျင် အဲလဗတ်သည် ဘု၇ားရှိခိုးကျောင်း တံခါးကို ခါတိုင်းလိုပင် ကြည်သာစွာ ပိတ်လိုက်သည်။
ပြီးတော့မှ အနည်းငယ် စိတ်လှူပ်ရှားလာသည်။သူ့ နှူတ်ခမ်းများ တုန်လာသည်။ခိုင်မာလှသော သူ့ နှလုံးသားကို သူ့ သိက္ခာကို အစော်ကားခံ၇သလို ခံစားမိသည်။အထိနာသည်။အခံ၇ခက်သည်။သူသည် အဆောင်ယောင်ဝတ်ရုံကြီးကို ချွတ်၍ တိုင်မှာချိတ်လိုက်သည်။နောက်ဆုံးနှူတ်ဆက်ချင်းမျိုးဖြင့် အနည်းငယ်နမ်းလိုက်သည်။ပြီးတော့ သူတံခါးကို အသာစေ့ကာ တွေးတွေးစစဖြင့် အိမ်ပြန်လာလေသည်။
သူသည် စီးက၇က်နှင့်ဘီယာမသောက်တတ်ပါ။သို့ သော်မောပန်းလာလျင်တော့ စီးက၇က်တစ်ဖွာလောက်တော့ ရူလိုက်ချင်သည်။ယခုလည်း စီးက၇က်တစ်ဖွာလောက် သောက်ချင်နေသည်။ဆေးလိပ်ဆောင်လေ့မရှိသဖြင့် သူထံတွင် ပါမလာပါ။သို့ ဖြစ်၇ာ ဆေးလိပ်ဆိုင်ရှာလေသည်။။ဂိုးဖလိပ်တစ်ဘူးလောက်ဝယ်မည်။သို့ သော် ဆေးလိပ်ဆိုင်မတွေ့ သဖြင့် ရှေ့ ဆက်လျောက်သွားသည်။သူလျောက်၇မည့်လမ်းမှာ ရှည်သည်။သို့ သော် ဆေးလိပ်ဆိုင်ကား မတွေ့ ။
`အင်း ထူးဆန်းတာပဲ´ အဲလဗတ်တစ်ကိုယ်တည်းပြောမိသည်။သေချာအောင် နောက်တစ်ခေါက်ပြန်လျောက်ကြည့်သည်။မတွေ့ ပါ။ခဏ၇ပ်ကြည့်ကာ စဉ်းစားကြည့်လေသည်။ဒီလမ်းလျောက်၇င်း ဆေးလိပ်သောက်ချင်လာသည့်အခါ ဆေးလိပ်ဆိုင်ရှာတာ ငါတစ်ယောက်တည်းမဟုတ်တာသေချာတယ်။ဒီလို ဆိုင်လေးတစ်ခုဖွင့်၇၇င် ကောင်းလိမ့်မည်ထင်တယ်။ဆေးလိပ်ေ၇ာင်းမယ်။အချိုအချဉ်လေးတွေေ၇ာင်းမယ်။
အဲလဗတ်အာရုံတွေ လှူပ်လှူပ်ရှားရှားဖြစ်လာသည်။မမျှော်လင့်ပဲ စိတ်ကူးစိတ်သန်းကောင်းတွေ ၀င်လာလေသည်။အိမ်သို့ ခပ်မြန်မြန်ပြန်၍ ကော်ဖီတစ်ခွက်သောက်သည်။သူ့ မိန်းမက မေးသည့်အထိပင်။
`ငါစဉ်းစားနေတာမိန်းမေ၇´ ဟူသာပင် ဖြေနိုင်လေသည်။နောက်တစ်နေ့ မနက် ထိုလမ်းကို ဖြတ်လျောက်ကြည့်သည်။ဆေးလိပ်ဆိုင်ကို မတွေ့ ။ဆိုင်ခန်းငှားမည်ဟုဆိုသော ဆိုင်လွတ်တစ်ခုကိုသာတွေ့ လေသည်။အဆင်သင့်လိုက်လေ။
ထိုအခါ အဲလဗတ်သည် ဘု၇ားကျောင်းမှ အပြီးအပိုင်နူတ်ထွက်ကာ ထိုဆိုင်ခန်းကို ငှားခဲ့လေသည်။ထို့ နောက် ဆေးလိပ်မျိုးစုံနှင့် သတင်းစာကိုယ်စားလှယ်လုပ်ငန်းကို စတင်အခြေစိုက်သည်။သူ့ မိန်းမက အစကတော့ သိပ်သဘောမတူချင်။အဲလဗတ်၏ လုပ်ငန်းများမှာ မဆိုးလှ။စည်ပင်လာသည်။တစ်နှစ်အတွင်း အေ၇ာင်းအ၀ယ်ကောင်းလာကာ နောက်ထပ် ဆိုင်တစ်ဆိုင်ဖွင့်ပြီး မန်နေဂျာတစ်ယောက်ကို ငှား၍ လုပ်ကိုင်နိုင်သည့် အဆင့်ပင် တိုးပွားလာခဲ့သည်။အဲလဗတ်သည် နေ့ စဉ်လမ်းလျောက်သည်။ ဆေးလိပ်ဆိုင်လိုက်ရှာသည်။ မတွေ့ လျင် ဆေးလိပ်ဆိုင် ဖွင့်သည်။ဆယ်နှစ်အတွင်း ဆေးလိပ်ဆိုင် ဆယ်ဆိုင်ထက်မနည်း ပိုင်ဆိုင်လာခဲ့သည်။ငွေကြေးပေါကြွယ်ဝလာသည်။တင်္နလာနေ့ များတွင် ဆိုင်များကို သွားကာ ငွေလိုက်သိမ်း၍ ဘဏ်တွင် အပ်နှံလေ့ရှိသည်။တစ်နေ့ တွင် သူ့ ၇ဲ့ မန်နေဂျာက တိုးတိုးတိတ်တိတ် သူ့ ကိုတွေ့ သည်။
`ဘော့စ် ဖိုမင်။ ကျနော်စကားလေး တစ်ခွန်းနှစ်ခွန်းလောက် ပြောပါ၇စေ။ကျနော့်တို့ ဘဏ်မှာငွေအပ်လာတာကြာပြီမဟုတ်လား။အဲဒီငွေတွေ သေနေတယ်။အဲဒါ တစ်ခုခု အ၇င်းအနှီးမြုပ်နှံပါလား အဲဒါတိုက်တွန်းချင်လို့ ´
`မစွန့်စား၇ဲဘူးဗျ။ဒီငွေကို ဘဏ်ထဲမှာထားတာ စိတ်ချ၇ပါတယ်ဗျာ။´
`ဘာမှစိုး၇ိမ်စ၇ာမလိုဘူးဘော့စ်။ စိတ်ချ၇မည့်အ၇င်းအနှီးချေးငှားတဲ့ အာမခံကုမ္မဏီစာ၇င်း ကျနော့်ဆီမှာ ရှိတယ။သူတို့ က အတိုးများများပိုပေးနိုင်တယ်´
အဲလဗတ်မသက်မသာဖြစ်လာသည်။မျက်နှာမှာ စိတ်ဒုက္ခေ၇ာက်သည့် အ၇ိပ်အေ၇ာင်ပေါ်လာသည်။
`ဒီစတော့တွေ ရှယ်ယာတွေလည်းကျနော်နားမလည်ဘူးဗျ။ အဲဒီလိုလုပ်မယ်ဆို၇င် ခင်ဗျားကိုပဲ အားကိုး၇မှာပဲ။´
`အာ ဒါကတော့ ကျနော်အကုန်လုပ်ပေးပါ့မယ်။နောက်လ ငွေကြေးလွှဲပြောင်းတဲ့အချိန်ကြ၇င် လက်မှတ်ထိုးပေးလိုက်ရုံပါပဲ။´
`အင်းဒါကတော့ဖြစ်ပါတယ် အဲဒီလောက်ကတော့ လုပ်တတ်ပါတယ်။ဒါပေါမဲ့ မင်းတို့ ဘာတွေေ၇းထားတာလဲ ငါဘယ်လိုလုပ်သိနိုင်မလဲ´
`အာ ဒါကတော့ ဘောစ့် ကိုယ်ဘာသာကို ဖတ်ပေါ့ဗျာ´မန်နေဂျာက မထူးဆန်းသလို ဖြေသည်။
`ဒီလိုပါမန်နေဂျာ။ကျနော်စာမေ၇းတတ်ပါဘူး။ မဖတ်လည်းမဖတ်တတ်ပါဘူး။ဒါ တကယ်ပြောတာပါ။ကျနော့်နာမည်တောင် ဒီလုပ်ငန်းထဲဝင်မှ ပေါင်းတတ်ေ၇းတတ်ခဲ့တာပါ။
မန်နေဂျာအံ့အားသင့်သွားကာ ကုလားထိုင်မှ ထခုန်လိုက်သည်။
`ကြားဖူသမျှပုံပြင်ထဲမှာတော့ အထူးဆန်းဆုံးပဲဗျို့ ´
မန်နေဂျာက သမိုင်းမပေါ်မီ ကမ္ဘာဦးကသတ္တ၀ါကြီးတစ်ကောင် သူ့ ရှေ့ေ၇ာက်နေသလို စူးစူးစိုက်စိုက်ကြည့်နေသည်။
`ဟုတ်၇ဲ့ လားဗျာ ဒီအလုပ်ကြီးလုပ်ပြီး ငွေကလည်း အ၇မ်းကို တောင့်တင်းနေတဲ့သူတစ်ေ၇ာက်က စာတစ်လုံးမှကို မေ၇းလည်းမေ၇းတတ်ဘူး မဖတ်လည်းမဖတ်တတ်ဘူး။တကယ်လို့ များ ခင်ဗျားသာ စာတတ်ခဲ့၇င် အခုနေဘာဖြစ်နေမလဲ စဉ်းစားကြည့်စမ်း´
`ဒါကတော့ သေချာပေါက်ပြောနိုင်တယ်ဗျ´ အဲလဗတ်က မှူးကြီးမတ်၇ာတွေလို မိန့် မိန့် ကြီးပြုံးလိုက်သည်။
`ကျနော်သာ စာတတ်ခဲ့၇င်လေ ခုနေမှာ နီဗီစကွဲယားက စိန့် ပီတာဘု၇ားကျောင်းမှာ ကျောင်းစောင့်ကြီး ဖြစ်နေမှာ ခင်ဗျာ့ ´
The Verger by William
1 comment:
sometime life can be happen like this
Post a Comment