Monday, November 19, 2007

ပုရွက်ဆိတ်နှင့်နှံကောင်

ကျနော်ငယ်ငယ်က လားဖောင်တိန်၏ ပုံပြင်အချို့ ကို ပုံပြင်ဥပဒေသကိုသာမက ထိုပုံပြင်များကိုပါ အလွတ်ကျက်ဖူးခဲ့၏။ယင်းတို့ အနက် `ပုရွက်ဆိတ်နှင့်နှံကောင်´ ကို ကောင်းစွာမှတ်မိနေလေသည်။ လုပ်အားတန်ဖိုး ချစ်မြတ်နိုးသူသည် ဆုလာဘ်ကောင်း၇ပြီးလျှင် ပေါ့ပေါ့နေတတ်သူသည် အချီးနှီးဖြစ်၇တတ်သည် ဟူသောသဘော၇သည့် သင်ခန်းစာတစ်ခု၇နိုင်သည့် ပုံပြင်တစ်ပုဒ်ပင်။

ကျနော်အနေနှင့်ကား ငယ်ရွယ်စဉ်ကဖြစ်သဖြင့် ဥပဒေသကို နားလည်သောလည်း ပုံပြင်ကို ကောင်းစွာသဘောမပေါက်ခဲ့ချေ။ထိုကြောင့် ပုရွက်ဆိတ်မှ အစာမခွဲဝေခဲ့သည့် နှံကောင်ကို သနားနေခဲ့သည်။ယခုလည်း လူဆန်သည့်ခေတ်စကားတို့ ကို ကျနော်သဘောမတူနိုင်ပါ။ အတ္တာဟိတ တ၇ားတို့ ကို မထောက်ခံကြောင်း လူတိုင်းအားပြောပြခဲ့သည်။

တစ်နေ့ က ဂျော့၇မ်ဆေးအကြောင်းကို ပြန်တွေးမိတော့မှ ထိုပုံပြင်အား ပြန်မတွေးပဲမနေနိုင်တော့ပါ။သူသည် စားပွဲတွင် စိတ်ပျက်လက်ပျက်ထိုင်နေလျက်ရှိသည်။သူဒီလောက်စိတ်ပျက်လက်ပျက်ထိုင်နေပုံမျိုး တစ်ခါမှ မမြင်ဘူးခဲ့။သူ့ ရှေ့ ရှိ ဟင်းလင်းပြင်ကြီးသို့ မိန်းမောတွေဝေကာ ကြည့်နေလေသည်။ကမ္ဘာကြီးတစ်ခုလုံး သူ့ ပုခုံးပေါ် ထမ်းထားသကဲ့သို့  လေးလံနေဟန်တူသည်။သူ့ အတွက် စိတ်မကောင်းဖြစ်မိသည်။ သူ့  ညီတွမ်က သူ့ ကို ဒုက္ခပေးပြန်ပြီလားဟုတွေးမိ၇င်း အနားသွားကာ နှူတ်ဆက်လိုက်သည်..။

`ဘယ့်နှယ့်လဲဗျို့ ´

`မပြုံးနိုင်ဘူးဗျို့ ´ သူက စိတ်ပျက်လက်ပျက် လေသံနှင့်ဆိုသည်။

`တွမ့်ကိစ္စ မဟုတ်လား´

သူ့ သက်ပြင်းတစ်ချက်ကို မှူတ်ထုတ်လိုက်သည်။

`ဟုတ်ပါတယ် တွမ့်ကိစ္စပါပဲ´

`ကန်ထုတ်လိုက်ပါလားဗျ သူ့ ကို။ ခင်ဗျားသူ့ ကိုကောင်းကောင်းဂရုစိုက်ခဲ့ပြီပဲ။ခုလောက်ဆို ခင်ဗျားညီ အသုံးမကျမှန်း ခင်ဗျားသိသင့်လောက်ပြီ။´

အမှန်တကယ်ဆိုလျင် မိသားစုတစ်စုမှာ စုန်းပြုးတစ်ကောင်တော့ ပါတတ်စမြဲ ဆိုတာ နားလည်ပါသည်။၇မ်ဆေးမိသားစုသည် ဂုဏ်သေ၇ရှိ မိသားစုတစ်စုဖြစ်သည်။တွမ်၇မ်ဆေးသည် မိဘတို့ ၏ ဂုဏ်သိက္ခာကို ထောက်ရူသောအားဖြင့် ကောင်းစွာ အသက်မွေးမှူပြုလိမ့်မည်ဟု မျှော်မှန်းထားခဲ့ကြသည်။
သို့ ၇ာတွင်ကား တွမ်၇မ်ဆေးကား ဘာစိတ်ကူးပေါက်သည်မသိ သူ့ အလုပ်တွင် မပျော်ပိုက်ကြောင်း သူ့ မိသားစုနှင့် မမွေ့ လျော်ကြောာင်းပြောကာ စွန့် ခွါသွားခဲ့သည်။သူ့ လက်ထဲတွင် ငွေအနည်းငယ်ပါသွားလေ၇ာ ဥေ၇ာပတစ်ခွင် ပြဲပြဲစင်အောင် လည်ပတ်သုံးဖြုန်းနေခဲ့သည်။ဆွေမျိုးများကမှူ ဒီကောင် ပိုက်ဆံကုန်သွား၇င် ဘာဖြစ်မလဲဟုသာ တွေး၇င်း ခေါင်း၇မ်းကိုယ်၇မ်းဖြစ်ကာ သူ့ အတင်းသူ့ သတင်းတို့ ကို မျှော်နေကြသည်။

မကြာမီပင် ကြားသိ၇ပါသည်။သူသည် ငွေကို ချေးငှားကာ သုံးစွဲနေ၇သည်ဟုဆိုသည်။တွမ်သည် ဂိုက်ဆိုက်ကတော့မိသည်။သို့ ၇ာတွင် အကျင့်ပျက်လာပြီဖြစ်သည်။သို့ ငြားလည်း သူ့ ကိုငွေမချေးဘူးသူမရှိပါ။အဘယ့်ကြောင့်နည်းဟုဆိုသော် သူသည် ပေါင်းသင်းဆက်ဆံေ၇းပြေပြစ်သောကြောင့်ဖြစ်သည်။

ငွေေ၇းကြေးေ၇းနှင့်ပတ်သက်လျင်ကား သူ့ အစ်ကိုကို အမြဲ မှီခိုနေ၇သည်။သူ့ အစ်ကိုကား စည်းကမ်းကြီးသည့်ရှေ့ နေတစ်ယောက်ပင်။၇ံဖန်၇ံခါ တွမ်သည် သူ့ အကျင့်ဆိုးများကို ဖျောက်ပါမည်ဟု အာမခံသဖြင့် ငွေများများစားစား ပေးလေ့ရှိသည်။ဂျော့၇မ်ဆေးကား သူ့ ညီ လူကောင်းအတိုင်းပြန်ဖြစ်မည်ဟု ယုံကြည်နေခဲ့သည်။သို့ ၇ာတွင်သူမျှော်လင့်ထားသလိုကား ဖြစ်မလာခဲ့ပါ။သူ့ ညီကို ပြုပြင်၍ မ၇တော့မှန်းသိလာသည့်အခါ သူသည် တွမ့်ကို စွန့် လွှတ်လိုက်သည်။သို့ ၇ာတွင် ဂျော့သည် အများလေးစားအပ်သော ရှေ့ နေတစ်ယောက်ဖြစ်လေ၇ကား ညီအ၇င်းခေါကခေါက်က အ၇က်ဆိုင်တွင် အ၇က်ေ၇ာင်းသမားလုပ်နေခြင်းကား နည်းနည်းမှ မတင့်တယ်။ထို့ ကြောင့် ဂျော့သည် တွမ်အား မဖြစ်မနေ ပေါင် ငါးဆယ်လောက် ၇ံဖန်၇ံခါ ပေးတတ်သည်။

`တွမ်ငယ်ငယ်တုန်းကတော့အဟုတ်သားဗျ၊ ကျနော့်ထက် တစ်နှစ်ငယ်ပေမဲ့ ရုပ်ဖြောင့်ဖြောင့်ပဲ။နောက်လေးနှစ်ဆို အသက်ငါးဆက်ပြည့်ပြီဗျ။အဲဒီအချိန်ကြ၇င် သူလူ့ ဘ၀ဟာ မလွယ်ပါလားလို့ တွေး၇င်း သဘောပေါက်လာမယ်မျှော်မှန်းခဲ့တယ်။အသက်ငါးဆယ်ပြည့်၇င် ကျနော့်မှာ စုမိဆောင်းမိ ပေါင်သုံးသောင်းလောက်ရှိပြီး တွမ်ဟာ မြောင်းထဲေ၇ာက်ပြီး ခွေးသေ၀က်သေ သေမှာပဲလို့ နှစ်ဆယ့်ငါးနှစ်လုံးလုံး ပြောနေခဲ့တာ။ပုရွက်ဆိတ်နဲ့ နှံကောင်ပုံပြင်လိုပဲ အလုပ်လုပ်သူဟာ တစ်ကယ်အကျိုးခံစား၇မလား လတ်လျားလတ်လျားလုပ်သူဟာ အကျိုးခံစား၇မလားဆိုတာ ကျနော်တို့ အဆုံးတစ်နေ့ မှာ တွေ့ မယ်မဟုတ်လား´

တစ်ကယ်သနားစ၇ာကောင်းတဲ့ဂျော့ပေပဲ။သူ့ ကိုများစွာ ကိုယ်ချင်းစာမိသည်။တွမ်တစ်ယောက်ဘာများဖြစ်မိနေလို့ ပါလိမ့်။

`တွမ်အခု ဘာဖြစ်နေလဲသိလား´ သူက အက်သံကြီးနှင့် မေးလာသည်။ကျနော်အဆိုးဆုံးကို မျှော်လင့်ထားခဲ့သည်။တွမ် နောက်ဆုံးတွင် ပုလိပ်လက်ေ၇ာက်သွားလေပြီလား။
ဂျော့ပင့်သက်ကို ရှိုက်လိုက်သည်။

`ကျနော့်ဘ၀တစ်လျောက်မှာ အလုပ်ကြိုးစားတယ် ဖြောင့်ဖြောင့်မှန်မှန်လုပ်တယ်။

အများကလေးစားတယ်။အဲ ချွေချွေတာတာ စေ့စေ့စပ်စပ်နေနိုင်ခဲ့လို့  ပင်စင်ယူမယ့်အချိန်လောက်ဆို၇င် အ၇င်းအနှီးကလေးနည်းနည်းနဲ့ နေနိုင်ယုံပဲရှိမယ်။ကိုယ့်ဘ၀မှာ နေနိုင်ခဲ့လို့ ထာ၀၇ဘု၇ားသခင်က ကျနော့်ကို ကျေနပ်ပြီး နေ၇ာတစ်နေ၇ာပေးမှာပေါ့ဗျာ။´

`ဒါပေါ့ဗျ ´

`ကဲ ခင်ဗျားတွမ်ကိုသိတယ်မဟုတ်လား ။ဘ၀တစ်လျောက်လုံး ပေတေလေလွင့်လာတာ ဘာသောက်သုံးမှ မကျဘူး။အပျော်ကြုးတယ် ဘယ်သူမှ မလေးစားဘူး။လူဆိုးလူတေပဲ၊ ဥပဒေအတိုင်းသာဆို၇င် ထောင်ထဲေ၇ာက်ဖို့ ပဲရှိတယ်´

`ဒါပေါ့ဗျ´

ဂျော့၏ မျက်နှာ အနည်းငယ်နီမြန်းလာသည်။

`အဲ လွန်ခဲ့တဲ့ လအနည်းငယ်လောက်က တွမ်ဟာ သူ့ အမေလောက်ရှိတဲ့ မိန်းမကြီးကို တွေ့ ပြီး ကြိုက်ခဲ့တယ် တွေ့ ခဲ့တယ် လက်ထက်ခဲ့တယ်တဲ့ဗျာ။အဲဒီမိန်းမကြီးသေသွားတော့ သူ့ အတွက် သူမပစ္စည်းတွေ အကုန်ထားခဲ့တယ်။ ပေါင်ငါးသိန်းလောက်ငွေသား ချည်းပဲ ကျန်ခဲ့တယ်။ ရွက်လှေတစ်စီး၊ လန်ဒန်မှာ အိမ်တစ်လုံးနဲ့  တောမှာ အိမ်တစ်လုံး´

ဂျော့၇မ်ဆေး လက်သီးကို ကျစ်ကျစ်ပါအောင်စုကာ စားပွဲကို တဒုန်းဒုန်းထုလိုက်သည်။

`မတ၇ားဘူးဗျာ လောကကြီး မတ၇ားဘူး၊ အလကားပဲ နည်းနည်းလေးမှတ၇ားတာမဟုတ်ဘူး´

ကျနော်ကော ဘာတတ်နိုင်မှာတဲ့တုန်း ။ ဂျော့မျက်နှာတွင် ဒေါသမီးလျှံများ ပြည့်လျံနေသည်။သူ့ မျက်နှာ နီနီကြီးကို ကြည့်၍ ကျနော်၇ီချင်နေသည်။ထို့ ကြောင့် ကျနော် သူ့ ရှေ့ တွင် မရှောင်နိုင်ဘဲ ဟတ်ဟတ်ပတ်ပတ်၇ီမိသည်။
ထိုအချိန်မှစ၍ ဂျော့သည် ကျနော့်ကို ဘယ်တော့မှ မခွင့်လွတ်တော့ပါ။သို့ ၇ာတွင် တွမ်သည်ကား မေဖဲယားရှိ သူ့ အိမ်တွင် အမြဲထမင်းဖိတ်ကျွေး၏။အကောင်းတကာ့ အကောင်းဆုံးဟင်းများဖြင့် ကျွေးမွေးခြင်းဖြစ်သည်။
သို့ သော်ငြားလည်း အကျင့်ဟောင်းဖြစ်သည့်အတိုင်း သူ့ ကျနော့်ဆီမှ ငွေချေးငှားတယ်သေးသည်။ သို့ ၇ာတွင် ဘယ်တော့မျှ တစ်ပေါင်ထက် မပိုတော့ပါချေ။

The Ants and The Grasshopper by William Somerset Maugham


No comments:

လာလည်သူပေါင်း