Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, August 30, 2008

ခေါင်းစဉ်မရှိ..

ဖြူစင်တဲ့အပြုံးနဲ့…

လှပတဲ့ မင်းရဲ့ မျက်ဝန်းလေးဟာ

ငါ့ရင်ကိုလှူပ်ခတ်စေတယ်။


မာယာမရှိတဲ့မင်းမျက်နှာ

ကဗျာဆန်တဲ့မင်းအလှဟာ

ငါ့ရင်ကိုအုံကြွစေတယ်။


မင်းသိနိုင်မလား

မင်းကိုတွေ့ ရင် ငါ့ရင်တွေ ခုန်နေတယ်ဆိုတာလေ..၊


မင်းသိနိုင်မလား

မင်းနဲ့ စကားပြောရရင် ငါအလိုလို ပျော်နေတယ်ဆိုတာလေ……၊


မင်း….သိ……နိုင်….မ……လား…။

ငါ မင်း ကို အ ရမ်း ချစ် မိ နေ ပြီ ဆို တာ လေ…။

Friday, February 8, 2008

နံရိုး

အ၇ာ၇ာဟာ

မက်ဘူးတဲ့ အိမ်မက်လို

ဖြစ်လာစေချင်ပေမဲ့

ချစ်တယ်ဆိုတဲ့ ကိုယ့်စကားဟာ

တံတွေးထွေးလိုက်သလို

ပြွတ်ခနဲကို ထွက်မလာတာ အံသြစ၇ာဘဲ..

လမ်းခွခါနီး

မင်းပြောစကားက

မင်းဟာ ငါ့၇ဲ့ နံရိုးတစ်ချောင်း

ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူးတဲ့…။

ဘု၇ားသခင် … ကယ်တော်မူပါ.။

လက်လွတ်ဆုံးရူံးသွားတဲ့

နံရိုးတစ်ချောင်းစာနေ၇ာမှာ

အစားထိုးဖို့ သက်သက်အတွက်

နောက်နံ ရိုးတစ်ချောင်း မထုတ်ချင်ခဲ့ဘူး….။

ဘု၇ားသခင်က တော့ ပြောတယ်..။

မင်းမှာ နံရိုး ၁၀ကျော် ကျန်ပါသေးတယ်တဲ့…………….။

ကဗျာသက်သေ

ချစ်သူေ၇

ချစ်တယ်ဆိုတဲ့မိုးဟာ

လွယ်လွယ်နဲ့ ရွာချခဲ့တာမဟုတ်ဘူးကွာ

ရွာသင့်ရွာထိုက်မလားဆိုတဲ့ စဉ်းစားဥာဏ်နဲ့ 

မရှိမဲ့ရှိမဲ့ သတ္တိမိုးတိမ်လေးတွေကို

စုဆောင်းပြီး ရွာခဲ့တာ..

ကိုယ့် အချစ်မိုးမှာ မိုးကြိုးသံတော့ မပါခဲ့ပါဘူး။

ချစ်သူေ၇

မင်း၇ဲ့ စကားသံလွင်လွင်နဲ့ 

ဘယ်လောက်ထိချစ်လဲဆိုတဲ့ မေးခွန်းမှာ

မဖြေနိုင်လို့  ကိုယ်စိတ်ထိခိုက်သွားတယ်

မင်းကို ချစ်တဲ့အချစ်ကို တိုင်းဖို့ ပေတံ

ကမ္ဘာမှာ မလုပ်၇သေးဘူးနဲ့ တူတယ်..။

ချစ်သူေ၇

ကဗျာတစ်ပုဒ်ကို သက်သေလုပ်ပြီးဆိုပါ့မယ်..

ကိုယ်တစ်သက်နဲ့တစ်ကိုယ်

မင်းကို ဒီလောက်ချစ်ခဲ့မိမယ်လို့ 

ကိုယ့်ကိုကိုယ်တောင် မယုံခဲ့မိတာ အမှန်ပဲ…။

Wednesday, December 5, 2007

A Father 's Love

Fathers seldom say "I love you"
Though the feeling's always there,
But somehow those three little words
Are the hardest one to share.

And fathers say "I love you"
In ways that words can't match
with tender bedtime stories-
or a friendly game of catch!

You can see the words "I love you"
In a father’s boyish eyes
When he runs home, all excited,
With a poorly wrapped surprise.

A father says "I love you"
With his strong helping hands-
With a smile when you are in trouble

With the way he understands,
He says "I love you" haltingly,
With awkward tenderness-

He speaks his love unselfishly
By giving all he can
To make some secret dream come true,
Or follow through a plan.

A father’s seldom-spoken love
Sounds clearly through the years-
Sometimes in peals of laughter,
Sometimes through happy tears.

Perhaps they have to speak their love
In a fashion all their own.
Because the love that fathers feel
Is too big for words alone!

Unknown Author.

(ဘာသာတော့ပြန်ပေးချင်ပါတယ်..။ဒါပေမဲ့ မူ၇င်းကဗျာက ကောင်းလွန်းတော့ အ၇သာပျက်သွားမှာ စိုးတယ်)

Wednesday, November 28, 2007

Why Worry!

There are only two things to worry about;

Either you are sick or you are well.

If you are well, there's no need to worry about.

But, if you are sick, there's only two things to worry about;

Either you are getting well or going to die.

If you are getting well, there's nothing to worry about.

But, if you are dying, there's only two things to worry about;

Either you are going to Heaven or Hell.

If you are going to Heaven, there's nothing to worry about.

And,If you are going to hell, you'll be so busy with shaking hands with your old friends,

You wont have time to worry.

မိဘနှင့် ဆ၇ာဂုဏ်ကျေးဇူးများ(မန်လည်ဆ၇ာတော်ဘု၇ားကြီး၏ မာဃဒေ၀မှ)

ကြီးမားဂုဏ်အင် ကျေးဇူးရှင်
ခွေးနှင့်တမျှ ၊လူ့ ဗာလတို့ ၊ မိဘနှစ်ပါး၊ ကြီးမားဂုဏ်အင် ၊ကျေးဇူးရှင်ကို ပြင်ပြင်မရှူ၊ မပြုမမွေး၊ မလုပ်ကျွေးဘူး။

ကြီးလှဂုဏ်အင် မွေးမိခင်
နေ့ ညမကွာ၊ နှစ်တစ်၇ာတိုင် ၊ရှည်ကြာလေးမြင့် ၊လုပ်လင့်ကျွေး၍၊ မိခင့်မွေးကျိုး ဆပ်လှည့်ကြိုးလည်း၊ နို့ ဖိုးတစ်ဝက် ၊တစ်လုံးတွက်မျှ ၊မကြေစွသား ၊ ကြီးမားဂုဏ်အင် မွေးမိခင်။

ဘေးကြီးေ၇ာက်မှ မိမယ်တ
လူဟူသမျှ လူ့ ဗာလတို့  မိဘဆ၇ာ ဆုံးမပါလည်း တမာသို့ ခါး နားတွင်မသာ မလိုက်နာဘဲ လို၇ာမြှောက်ထား သူ့ စကားသာ ပျားသို့ ချိုပြီး နားမငြီးဘူး
ဘေးကြီးေ၇ာက်မှ မိမယ်တ၍ ထိုဗာလဆိုး လူမိုက်မျိုးတို့  ကိုး၇ာမထင် မိုးမမြင်ခဲ့။

လူကြီးမိဘ ဆ၇ာစကား
လောကတွင်သာ လေးစွာကျောက်ထီး၊ ထိုကျောက်ထီးထက် လူကြီးမိဘ ဆ၇ာစသား ၊ ထိုစကားထက် ဘု၇ားနှူတ်နက် ဓမ္မစက်သည် လေးဆုံးဖြစ်၏။

မိဘကျေးဇူး ဆပ်၍မကုန်
လူ့ ဘုံဌာန၊ ဒီလောကကတွင် ၊ဘကို လကျာင်္၊ မိကို လက်ဝဲ၊ အမြဲဆောင်ရွက်၊ ပခုံးထက်သို့  တင်လျက်လုပ်ကျွေး၊ မပြတ်မွေးလည်း၊ ကျေးဇူးဂုဏ်ဆိုင်၊ မကုန်နိုင်ဘူး။

ကျိုးလိုစိတ်က ဆုံးမတတ်သူ
ရှေးရူးမေတ္တာ ဂရုဏာနှင့် နာနာကျင်ကျင် အပြစ်မြင်တိုင်း ၀မ်းတွင်မသို ဟုတ်တိုင်းဆို၍ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆ၇ာဟူ၏။

Tuesday, September 25, 2007

ထလော့မြန်မာ ထလော့

တို့ တိုင်း တို့ ပြည်

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာ တို့ မြေ၊ တို့ ရွာမြေ၀ယ်
စေတီစပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
့်ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
်မစားလေရ၊ ၀မ်းမ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။

ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလည်း၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ၊ ဖြစ်မည်တည်း။

ထလော့မြန်မာ၊ မြန်မာထလော့၊
အားမပျော့နှင့်၊ မလျော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ
ဤမြေဤရွာ ဘယ်သူ့ ရွာလဲ
ဤယာစပါး၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ဉာဏ်ရှေ့ ပန်း၍
တ၀မ်းတစိတ်၊ ညီစေသတည်း။

ဇော်ဂျီ

Saturday, September 8, 2007

ဘောလုံးသမားကဗျာ

တွေးကြည့်၇င်

ကိုယ်တို့ အဖြစ်က

လမ်းပတ်လို အ၇မ်းမခက်ပါဘူး။

ကိုက မင်းကို

အိုဝင်လို လိုချင်နေခဲ့မိတာ။

ဒါကြောင့် မင်းနောက်မှာ

ဂျ၇တ်လို အသေကပ်နေတာပေါ့။

ကိုယ့်အချစ်ကို

နာနီလို အသာတကြည်လက်ခံပါမိန်းကလေး။

ရိုနေးလို အပိုပေးပါလို့ မတောင်းတတ်ပါဘူး

မင်းအချစ်တစ်ခုတည်း၇ယ် ။

ကိုယ့်ဘက်ကတော့

ေ၇ာ်ဘင်လို ပေါ်တင်ပဲ။

မင်း ကိုယ့်ကိုမချစ်၇င်

ဘက်ခမ်းလို အပြတ်ကြမ်းပြစ်မှာ။

ဘာလို့ လဲဆိုတော့

မင်းမရှိ၇င် ကိုယ့်ဘ၀က

A.Cole လို အဖြစ်ဆိုးတော့မှာ။

တိဗက်လို အပြီးသတ်ပြောခဲ့မယ်...၊

ကိုယ့်ကို ဘယ်တော့မှ

ဒေ၇ာဘာလို တော်ပါလို့ 

မငြင်းပါနဲ့ ။ ။

Friday, September 7, 2007

ဆ၇ာဇော်ဂျီ၇ဲ့ ကဗျာ

ရွှေဂုဏ် ငွေဂုဏ် ၇ာထူးဂုဏ်သည်
လူ့ ဘုံလောက အကာမျှတည့်
သူက ငြူစူ မကြည်ဖြူ၍
ခွါယူလိုက ခွါ၍၇။ ။
ရိုးဂုဏ် ဖြောင့်ဂုဏ် ယဉ်ကျေးဂုဏ်သည်
လူ့ ဘုံ့ လောက နှစ်သာ၇တည့်
သူကငြူစူ မကြည်ဖြူလည်း
ခွါယူမ၇ကွာမကျ။ ။

Thursday, September 6, 2007

ကျနော်ချစ်မိ အပြစ်ရှိသည်

သံယောဇဉ်ဖြင့်

နှောင်ငင်တွယ်၇စ်

ကျနော်ချစ်မိ အပြစ်ရှိသည်။ ။

တွယ်ငြိခြင်းဖြင့်

၇င်တွင်းစူးနစ်

ကျနော်ချစ်မိ အပြစ်ရှိသည်။ ။

အတွယ်အတာ

ဘယ်အ၇ာဖြင့်

ဖယ်ခွါမ၇

ကျနော်မသိ

ဝဋ်ရှိသမျှ

အပြစ်ရှိ၇သလို

ချစ်မိနေ၇ပါလား။ ။


မှတ်စုအဟောင်းကတွေ့ တဲ့ ကဗျာဖြစ်ပါတယ်။ကိုယ်တိုင်ေ၇းလား ကူးထားမိလားတောင် မမှတ်မိနိုင်တော့ပါဘူး


ဖတ်မိတဲ့ ကဗျာ



Sunday, August 26, 2007

အချစ်လိုက်မုဆိုး

ပထမဆုံးေ၇းမိတဲ့ ကာ၇န်မဲ့ ကဗျာပါ။ဆိုလို၇င်းကို တည့်ေ၇းမိတယ်။နားလည်တယ်မဟုတ်လား။

ရိုင်းစိုင်းတဲ့သားကောင်သတ်တဲ့ မုဆိုးနဲ့ 

သူ့ ၇ဲ့ နှလုံးသားဟာ

အေးချမ်းတဲ့အချစ်၇ဲ့ မေတ္တာနဲ့ 

ဘယ်လိုမှ မသက်ဆိုင်ပါဘူး။

လူတစ်ယောက်ဖြစ်တဲ့

မုဆိုးဟာ 'ချစ်တယ်'လို့ 

ပြောခွင့်ရှိတယ်မထင်ဘူးလား။

လက်ဖြောင့်မုဆိုးဟာ

သား၇ဲကောင်၇ဲ့ ၇င်ခွင်ကို

တည့်မတ်စွာ မြှားပစ်သွင်းနိုင်ပေမဲ့

မုဆိုး၇ဲ့ 'ချစ်တယ်'ဆိုတဲ့စကားဟာ

မင်း၇ဲ့ ၇င်ခွင်ကို

ထိမှန်နိုင်ပါ့မလား။

မုဆိုး၇ဲ့ ကျော့ကွင်းဟာ

ဆတ်၊ဒ၇ယ်၊ယုန်

အကုန်၇ည်ရွယ်ပေမဲ့

မုဆိုး၇ဲ့  အချစ်ဟာ

မင်းတစ်ယောက်တည်းအတွက်ပါ။

ကဲ

ငါ့အသည်းကို ဒူးလေးပေါ်တင်ပြီး

ပြစ်လွတ်လိုက်တဲ့

ဒီစကားဟာ မင်း၇င်ခွင်ပြစ်ကွင်းကို

မထိခဲ့ဘူးပဲထား

ငါ လက်ဖြောင့်အောင် လေ့ကျင့်ဖို့ လိုပြီ။ ။

Friday, August 24, 2007

RPကျောင်းသား First Year

First year မှာ တခါတလေမလိုက်နိုင်လို့ စိတ်ပေါက်ပေါက်နဲ့ေ၇းမိတာပါ။


RPေ၇ာက်လာ လူတို့ မှာ

ဒုက္ခေ၇ာက်၇ရှာ...

မလည်မ၀ယ်သူတို့ အတွက်

PBLနဲ့ ခက်....

1.1 မှာခံ၇တာ

Communication ပါ...

သူဘာပြောမှန်း ကိုယ်မသိ

ကြောင်တောင်တောင်ပြန်ကြည့်.....

ဒီလိုနေ့ တွေများလာပြီ

Grade လည်း Downလာပြီ...

ထို့ ထက်များစွာ ပို၍ဆိုး

Cognitiveနဲ့ တိုး....

သင်၇င်းသင်၇င်းဆိုးလာသည်

Psychoဖြစ်ချင်သည်...

ပိုမဆိုးအောင် သေချာလျက်

IMHနဲ့ ဆက်...

မခံနိုင်အောင်ဆိုးဝါးလာ

1.2အေ၇ာက်မှာ....

သူများဆီက သတင်းတောင်း

ကျောင်းပြောင်းဖို့ အကြောင်း....

ထိုဟာသည်လည်း ဖြစ်မည်မထင်

၇င်ထိတ်မောဖွယ်ပင်....

မသေချာ

အကုန်ပြန်စ..

ကျနော်တို့ ဘ၀....

ထို့ ကြောင့် ဇွတ်မှိတ်ကြိတ်လိုက်မည်

စိတ်မှာစွဲမှတ်၇ည်...

ကိုယ့်ကိုကိုသာ ဖြေ၍တွေး

သုံးနှစ်ခဏလေး။ ။

ပြဇာတ်တစ်ပုဒ်လောက်ပါပဲ

မိန်းကလေး……

အချိန်ရွှေ့ ပြောင်း

ကာလနှောင်းတော့

မင်းလည်း

တဖြည်းဖြည်းပြောင်းလာပြီနော်

မင်း၇ဲ့ ညိုနုနုပါးပြင်မှာ

သနပ်ခါးပျောက်လို့ 

Make-upေ၇ာက်ခဲ့ပြီ...။

မင်း၇ဲ့ ခြေဖ၀ါးနုနု

လဲဝါစုမှာ

ယင်းမာနုနုအစား

လေဒီရှူးတွေ ခစားခဲ့ပြီ…။

ကဲ… ပြောစမ်းမိန်းကလေး

မင်း၇ဲ့ စိတ်ထဲမှာကော

ငါ့အစား

ဘယ်သူတွေ

အစားထိုးခဲ့ပြီလဲ…..။

ကိုယ်ပိုင်အိပ်မက်


ကိုယ့်ချစ်သူနဲ အတူ့နေဖို့  အိပ်မက်ဟာ ချစ်တဲ့သူတိုင်း မက်ဘူးကြပါတယ်။

အဲသလို အတူနေဖို့ ကို ကြိုတင်ငွေစုတာတွေလုပ်ကြပါတယ်။

ကျနော့်အတွက်ကတော့….

မပီဝိုးတ၀ါး

ထီထိုးထားတယ်

ဆီဒီုးနားမှာ

လက်ထက်မယ်….

လူပျိုကြီးအတွေး

လောကမှာ လူပျိုကြီးဖြစ်၇တယ့် အကြောင်းအ၇င်းများစွာ ရှိပါတယ်။ အဲဒီအထဲမှာ လူပျိုကြီးတယောက်၇ဲ့ အတွေးကို ဖော်ပြထားတဲ့ ကဗျာတစ်ပုဒ်ပါ။ကလောင်ရှင်ကိုတော့ မမှတ်မိတော့ပါဘူး။

ဟိုကောင်မလေး

ငါလေ ငေးမိ

ဒီကောင်မလေး

စာလိုက်ပေးမည်

သို့ ပါသော်ငြား

မထူးခြားမို့ 

စိတ်ကတွေးကာ

ဆုံးဖြတ်ပါသည်

လူပျိုကြီးပဲလုပ်တော့မည်။

Wednesday, August 22, 2007

ေ၇ာက်စကေ၇းမိတဲ့ ကဗျာတစ်ပုဒ်ပါ..

မိန်းကလေး

နယ်မြေဝေးသွား

စည်းခြားထားလဲ

၇င်ထဲဝင်ကြည့်

နင်ရှိ၏။

မိန်းကလေး

ပျိုခြားမြင်လဲ

မချစ်ဘဲ

၇င်ထဲဝင်ကြည့်

နင်ရှိ၏။

မိန်းကလေး

ခ၇ီးအဝေးသွားလည်း

တွေးမိဆဲပဲ

၇င်ထဲဝင်ကြည့်

နင်ရှိ၏။

မိန်းကလေး

ဝေးသွားလည်း

ဆွေးမသွားဘဲ

ကိုယ့်စိတ်တွေ

ဘေးနားမှာ ရှိနေမယ်…။

ဖုန်းကဗျာ

ဖုန်းခေ၇ဇီဖြစ်တဲ့အတိုင်း ဖုန်းတွေအကြောင်းကို ကဗျာေ၇းမိတာ….။


မိန်းကလေးရေ

ကိုယ်ကမင်းကိုယ်

LG လို

အမှန်အတည်ချစ်တာပါ

Cybershot လို

ပြိုင်တာပေါ့ဆိုရင်

ကိုယ့်ကို နိုင်သူမရှိနိုင်လောက်ဘူး

N95 လို

အမှန်အတည်မခိုက်လောက်တောင်

ကိုယ့်ကို

V3Xi လို

အပီအပြီးပိတ်မကန်ပါနဲ့ 

ကိုယ့်အသည်းက

Razor လို

ပလီပလာမလုပ်တတ်ပါဘူး

ကိုယ့်အရှေ့မှာ

တခြားကောင်တွေနဲ့ 

Nokia လို

ပိုပြီးကြွားမပြနဲ့ 

O2 လို

မလိုဘူးဆိုတောင်မှ

Vodafone လို

လိုမှသုံးပါ။

နောက်ဆုံးတစ်ခုကတော့

Samsung လို

ပြန်ပြောင်းအောက်မေ့နေမှပါ (တသက်လုံး)….။


ကိုယ်တိုင်ေ၇းကဗျာ

တခါတလေေ၇းတော့ေ၇းချင်တယ်၊ ဘာေ၇း၇မှန်းမသိတဲ့အခြေအနေမျိုးတွေ ရှိတယ် ။ ခေါင်းရှုပ်ရှုပ်နဲ့  လျောက်ေ၇းမိတဲ့ ကဗျာပါ။ Pro မဟုတ်တော့ သိပ်တော့ ကောင်းတယ်မထင်ဘူး..။

ဖောင်တိန်ကိုင်ပြီး ငေးနေမိ…

ဘာေ၇း၇မှန်း မသိ…

ပြန်လှန်စဉ်းစား မင်းအကြောင်းများ.

ေ၇းဖို့  ငါ့မှာလွန်နည်းပါး..

မသိတော့ဘူး မိန်းကလေး၇ယ်…

ချစ်တာပဲသိတယ်…

ထို့ ကြောင့် ငါ့မှာချေ၇းမိ…

နင့်ကို ငါချစ်၏…။

Tuesday, August 21, 2007

လက်သည်


တခါတလေ RPမှာ စာသင်၇တာ လက်ပေါက်ကပ်လှပါတယ်။ Lecture-Based learning မဟုတ်ပဲနဲ့  Problem-Based learning ဆိုတော့ မြန်မာကျောင်းသားတွေအတွက် ခွတီးခွကျနိုင်လှပါတယ်။တခါတလေ Team Members များမကောင်း၇င် တော်တော်စိတ်ပျက်ဖို့ ကောင်းလှတယ်။ အဲဒီလိုများဖြစ်၇င် ဟောဒီကဗျာကို သတိ၇၇င်း လက်သည်ရှာမိတယ်။


အခုတော့..

မွဲပြာကျ.

သဲနာလှ..

မြန်မာပြည်၇ယ်..

ခွဲခွါ၇..

မျက်၇ည်လည်ပြီမို့  ..

သက်သေထူလိုက်မယ် ..

လက်သည် ဘယ်သူလဲ…။


သိ၇င် ကျနော့ကို ပြောပြပေးပါ..။


လာလည်သူပေါင်း