Wednesday, November 28, 2007

မိဘနှင့် ဆ၇ာဂုဏ်ကျေးဇူးများ(မန်လည်ဆ၇ာတော်ဘု၇ားကြီး၏ မာဃဒေ၀မှ)

ကြီးမားဂုဏ်အင် ကျေးဇူးရှင်
ခွေးနှင့်တမျှ ၊လူ့ ဗာလတို့ ၊ မိဘနှစ်ပါး၊ ကြီးမားဂုဏ်အင် ၊ကျေးဇူးရှင်ကို ပြင်ပြင်မရှူ၊ မပြုမမွေး၊ မလုပ်ကျွေးဘူး။

ကြီးလှဂုဏ်အင် မွေးမိခင်
နေ့ ညမကွာ၊ နှစ်တစ်၇ာတိုင် ၊ရှည်ကြာလေးမြင့် ၊လုပ်လင့်ကျွေး၍၊ မိခင့်မွေးကျိုး ဆပ်လှည့်ကြိုးလည်း၊ နို့ ဖိုးတစ်ဝက် ၊တစ်လုံးတွက်မျှ ၊မကြေစွသား ၊ ကြီးမားဂုဏ်အင် မွေးမိခင်။

ဘေးကြီးေ၇ာက်မှ မိမယ်တ
လူဟူသမျှ လူ့ ဗာလတို့  မိဘဆ၇ာ ဆုံးမပါလည်း တမာသို့ ခါး နားတွင်မသာ မလိုက်နာဘဲ လို၇ာမြှောက်ထား သူ့ စကားသာ ပျားသို့ ချိုပြီး နားမငြီးဘူး
ဘေးကြီးေ၇ာက်မှ မိမယ်တ၍ ထိုဗာလဆိုး လူမိုက်မျိုးတို့  ကိုး၇ာမထင် မိုးမမြင်ခဲ့။

လူကြီးမိဘ ဆ၇ာစကား
လောကတွင်သာ လေးစွာကျောက်ထီး၊ ထိုကျောက်ထီးထက် လူကြီးမိဘ ဆ၇ာစသား ၊ ထိုစကားထက် ဘု၇ားနှူတ်နက် ဓမ္မစက်သည် လေးဆုံးဖြစ်၏။

မိဘကျေးဇူး ဆပ်၍မကုန်
လူ့ ဘုံဌာန၊ ဒီလောကကတွင် ၊ဘကို လကျာင်္၊ မိကို လက်ဝဲ၊ အမြဲဆောင်ရွက်၊ ပခုံးထက်သို့  တင်လျက်လုပ်ကျွေး၊ မပြတ်မွေးလည်း၊ ကျေးဇူးဂုဏ်ဆိုင်၊ မကုန်နိုင်ဘူး။

ကျိုးလိုစိတ်က ဆုံးမတတ်သူ
ရှေးရူးမေတ္တာ ဂရုဏာနှင့် နာနာကျင်ကျင် အပြစ်မြင်တိုင်း ၀မ်းတွင်မသို ဟုတ်တိုင်းဆို၍ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆ၇ာဟူ၏။

No comments:

လာလည်သူပေါင်း