ထိုကဲ့သို့ သပိတ်မှောက်နိုင်စ၇ာအကြောင်း ၈ချက်ရှိပါတယ်။
၁။ဘု၇ားကိုစော်ကားခြင်း
၂။တ၇ားကိုစော်ကားခြင်း
၃။သံဃာကိုစော်ကားခြင်း
၎။၇ဟန်းတော်တွေကို လာဘ်လာဘမ၇အောင်ပြုလုပ်ခြင်း
၅။၇ဟန်းတော်တွေကို နေ၇ာထိုင်ခင်းမ၇အောင်ပြုလုပ်ခြင်း
၆။၇ဟန်းတော်တွေကို အကျိုးယုတ်အောင်ပြုလုပ်ခြင်း
၇။၇ဟန်းတော်တွေကို ဆဲေ၇းကြိမ်းမောင်းခြင်း
၈။၇ဟန်းတော်တွေကို စိတ်ဝမ်းကွဲအောင်ပြုလုပ်ခြင်း။
ထိုအချက်မှ တစ်ချက်ချက်နဲ့ ညိ၇င် ဘယ်သူ့ ကိုမဆို သပိတ်မှောက်ပိုင်ခွင့်ရှိပါတယ်။
ဒါဟာ အခုခေတ်ကမှ အဆန်းထွင်ပြီး လုပ်တဲ့ ကိစ္စမဟုတ်ခဲ့ပါဘူး။
ဗုဒ္ဓလက်ထက်က လိစ္ဆ၀ီမင်းတစ်ပါးဟာ ၇ဟန်းတော်တစ်ပါးကို သူ့ ဇနီးနဲ့ ဖောက်ပြန်တယ်လို့  စွတ်စွဲခဲ့သည့်အတွက် အဲဒီ၇ဟန်းကို သံဃာအလယ်မှာ စစ်ဆေးခဲ့ပါတယ်။
စွတ်စွဲခြင်းသက်သက်ဖြစ်ကြောင်းထင်ရှားသည့်အခါ အဲဒီစွတ်စွဲသူ လိစ္ဆ၀ီမင်းကို သပိတ်မှောက်ခွင့် ဗုဒ္ဓဘု၇ားကပေးခဲ့ပါတယ်။
ခုံတော်မောင်ကျဘမ်းလို့ အင်းဝခေတ်က စကားတတ်တဲ့ နေ၇ာမှာ ထင်ရှားသူကို ကြားဖူးကြမှာပါ။
ရှင်ဥတ္တမကျော်ကို `ကိုယ်တော့်လို ထင်ရှားတဲ့လူတစ်ယောက်က ဆွမ်းခံကြွစ၇ာမလိုပါဘူး၊ ဘယ်အိမ်သွားခံခံ၇ပါတယ်။အိမ်ရှင်မကိုတောင်ပါးရိုက်ခဲ့လို့ ၇သေးတယ်´လို့  ခဲ့ပြောတာတစ်ကြောင်း။
သံဃာတော်တွေကို `တစ်ပါးနှစ်ပါး´လို့ေ၇တွက်၇မှာကို `တစ်ယောက်နှစ်ယောက်´ လို့ေ၇တွက်ခဲ့ သည့်အတွက် ပြန်လည်ပြောကြား၇ာမှာ ကျမ်းဂန်အကိုးအကားများကို ထောက်ထားပြီး မချေမငံပြန်လည်ဆက်ဆံခဲ့သည့်အတွက်က တစ်ကြောင်း။
ထိုကဲ့သို့ သောအကြောင်းများကြောင့် သံဃာထုက ခုံတော်မောင်ကျဘမ်းအိမ်ကို ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ပါတယ်။
သပိတ်ကို တစ်နေ၇ာမှာ ကမ္မ၀ါစာဖတ်၇င် ထိုကံမြောက်ပါပြီ။ထိုအခါ ပြည်တွင်းပြည်ပမှာ ရှိတဲ့ ၇ဟန်းအားလုံးလိုက်နာ၇ပါတယ်။မလိုက်နာ၇င်အာပတ်သင့်တယ် လို့ ဗုဒ္ဓဘု၇ားက ပညတ်ခဲ့ပါတယ်။
ထိုကံကို ချေဖျက်ဖို့ ၇ာ ကြူးလွန်တဲ့သူက ကျေနပ်တဲ့အထိတောင်းပန်၇ပါမယ်။ ထိုအခါသံဃာထုက အနည်းဆုံးသံဃာလေးပါးနဲ့ ကမ္မ၀ါစာရွတ်၇င် ပတ္တဥတ္တုဇ္ဇနကံ(သပိတ်လှန်ခြင်း)မြောက်ပါပြီ။
Tuesday, September 18, 2007
ပတ္တနိက္ကုဇ္ဇနကံ
created by
minthet
at
10:49 PM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment