Saturday, September 8, 2007

မှတ်ဖူးခဲ့သော စကားစု(၂)

မိတ်ဆွေတို့ တောင်ဖီလာဆ၇ာတော်ကို ကြားဖူးကြပါသလား။

အင်းဝခေတ်က ဓါးမကူးဆ၇ာတော်လို့  အမည်ကျော်ခဲ့သူ ဆ၇ာတော်ကြီးတစ်ပါးပါ။

သူ့ စကား၇ပ်တစ်စုကတော့ဖြင့် မှတ်သားစ၇ာပါ။

တစ်ခါက ဆ၇ာတော်ကြီး ခွေးများကို အစာကျွေးစဉ်က ဖြစ်တယ်။

ထို့ ကဲ့သို့ ကျွေးနေတာတောင် ကြီးသောခွေးက အကောင်ငယ်သောခွေးကို အနိုင်ကျင့်ပြီး ကိုက်နေကြသောကြောင့် ဆ၇ာတော်ကြီးခမျှာ တဟဲ့ဟဲ့ဖြင့်မောင်းနေ၇သည်။သို့ ပေမဲ့ အနှီသတ္တ၀ါများကား ဘယ်လောက်ပင်မောင်းမောင်း မ၇။ကြာလာသော် ဆ၇ာတော်စိတ်တိုလာသဖြင့် တောင်ဝှေးကို မြှောက်လိုက်၇င်း

`တယ် ဒီခွေးတွေ ရိုက်လိုက်၇ ငါပါသုံးကောင်ဖြစ်သွားတော့မယ်´ဟု ညဉ်းတွားလေသည်။

ယခုလို ဆုပ်ကပ်ကြီးတွင် သူများမိုးခါးေ၇သောက်တိုင်း ကိုယ်လည်းလိုက်သောက် တာပဲကောင်းပါတယ်ဆိုပြီး မကောင်းမှူကို လုပ်မိကြသူများ များကြလေသည်။

မိတ်ဆွေတို့ ကိုယ့်ကိုကို သုံးကောင်မဖြစ်ပါစေနဲ့ ဟု စေတနာကောင်းဖြင့်သာ…….။

No comments:

လာလည်သူပေါင်း