မင်းကျင့်တ၇ား (၁၀)ပါး
ဒါန- တိုင်းပြည်စားလောက်အောင် ပေးရမယ်။
သီလ- ငါးပါးသောသီလကို စောင့်ထိန်းခြင်း။ လုတာ လိမ်တာ သတ်ဖြတ်တာ မလုပ်ရခြင်း။
ပရိစာဂ- မင်းမှုထမ်းတွေကို လုံလောက်အောင် ထောက်ပံ့ပေးရမယ်။
သမ္မာပဋိပန္န- ရိုးသားဖြောင့်မတ်ရမယ်။ လိမ်တာ မလုပ်ပါနဲ့
မုဒုက- နူးညံ့ပျော့ပြောင်း ၊ပြောဆိုသိမ်မွေ့ခြင်း။
ဥပေါသထ- တလ လေးကြိမ်လောက် ဥပုဒ်စောင့်ခြင်း။
အက္ကောဓ- အမျက်မထွက်ရ။ ရှင်ဘုရင်သည် ရင်ခွင်ပိုက်သားသည် မိခင်လို စိတ်ထားရှိခြင်း။
အ၀ိဟိံသန- တိုင်းသူပြည်သားကို မနှိပ်စက် မညဉ်းဆဲခြင်း။
ခန္တီ- ဒေါသကို ထိန်း။ အနိုင်ရတဲ့နေရာမှာ ရှိနေရင်တောင် အနိုင်မယူရခြင်း။
အ၀ိရောဓ- လူအများ၏ အလိုကို မဆန့်ကျင်ခြင်း။
နာယကတရား (၆) ပါး
ခမာ-- မြေကြီးကဲ့သို့သည်းခံခြင်း။
ဇာဂရိယ--- နိုးကြားခြင်းနဲ့ အသွားအလာ အနေအထိုင်တို့မှာ သတိရှိခြင်း။
ဥဋ္ဌာန---- ငယ်သားတို့ထက် ထကြွလုံလရှိရပါခြင်း
သံဝိဘာဂ--- ဝေဖန်ခွဲခြားနိုင်ခြင်း။
ဒယာ----- သနားချစ်ခြင်ကြင်နာခြင်း။
ဣက္ခနာ --- ပညာရှိတို့ကို ဆွေးနွေးမေးမြန်းခြင်း။
အပရိဟာနိယ မင်းကျင့်တရား(၇)ပါး
သန္နိပါတ--- တနေ့ကို သုံးကြိမ် ညီလာခံ ဆွေးနွေးခြင်း။
ပညတ္တိပဋိပဇ္ဇန-- ရှေးမင်းတို့ ပညတ်တဲ့ ထုံးတမ်းတွေ မပျက်စေပဲ ကျင့်ခြင်း။
သမဂ္ဂ----အမှုအရေးကိုအများနဲ့ညီညွတ်အောင်ဆောင်ရွက်ခြင်း။ အများသဘောတူတာကိုဆောင်ရွက်ရခြင်း။
သုဝစ----- ပညာဂုဏ်ကြီးသူတို့ ဆုံးမရာကို လိုက်နာရပါခြင်း။
အပသယှ-- အမျိုးသမီးတွေကို အနိုင်အထက် သိမ်းမယူခြင်းး။
ဂုတ္တိ-- တိုင်းပြည်တွင်းက ရသေ့ရဟန်းတွေကို မွေ့လျော်အောင်၊ မလာသေးတဲ့ ရသေ့ရဟန်းတွေ လာရောက်အောင် စောင့်ရှောက် ချီးမြှောက်ခြင်း။
No comments:
Post a Comment