တစ်ခါတုန်းက ကြားဖူးသောမိသားစုပုံပြင်တစ်ခုဖြစ်သည်။ဦးဝင်းတင်နှင့် ဒေါ်ကြင်ဆိုကြပါတော့(နာမည်တော့အတိအကျမဟုတ်ပါ)။ဦးဝင်းတင်သည် ကန်ထရိုက်တာတစ်ယောက်ဖြစ်သည်။
တစ်နေ့  ဦးဝင်းတင်အား ကုန်မာဆိုင်ပိုင်ရှင်တစ်ဦးက ပိုသည့်ဘိလပ်မြေအိတ် ၂၀ အား သူ့ ထံတွင် တစ်ဝက်ဈေးနှင့်ေ၇ာင်း၇န် အိမ်တိုင်၇ာေ၇ာက်လာပြောသည်။ တိုက်ပိုင်ရှင်ကလည်း ထိုဘိလပ်မြေများအား မေ့နေပုံ၇၏။ဦးဝင်းတင်ကလည်း သူ့  ဇနီးရှေ့ တွင်ေ၇ာင်းမည်ပြောလိုက်သည်။
ထိုအခါ သူ့ ဇနီးက `ကိုဝင်းတင်၊ ရှင်ထမင်းတစ်လုပ်အတွက်နဲ့ မိသားစုအတွက်နဲ့  မသမာတဲ့အလုပ် ကို မလုပ်ပါနဲ့ ´ဟုပြော၏။
ကိုဝင်းတင်က တင်းသွားပြီး `ဒီမှာမကြင် မင်းမသိ၇င်အသာနေပါကွာ၊ လာမရှူပ်ပါနဲ့´ဟု ချေငံလေသည်။
ဇနီးဖြစ်သူပြန်လည်ပြောပုံက `ကိုဝင်းတင် ရှင်ဒီလိုလုပ်တာဟာ မိသားစုအတွက် လုပ်တာမှန်ပေမဲ့ အဖမ်းခံ၇၇င် ရှင်ပဲအဖမ်းခံ၇မှာ ကျမတို့ မိသားစုမပါဘူး၊ ငါးပါးသီလနဲ့ မလွတ်တဲ့ ဒီအမူနဲ့  င၇ဲကြ၇င်လည်း ရှင်တစ်ယောက်ပဲခံ၇မှာ ကျမတို့ မိသားစု ၀င်ခံပေးလို့ ၇မှာမဟုတ်ဘူး၊အရှည်ကိုကြည့်ပြီး ရှင်ကိုယ့်ကိုကို တစ်ကိုယ်ကောင်းဆန်စိတ်လေးတော့  မွေးသင့်ပါတယ်´တဲ့။
ဒီပုံပြင်ကိုဖတ်ပြီး လူအချို့ ကို ဒီလိုလေး တစ်ကိုယ်ကောင်းစိတ်ထားတော့ ထားစေချင်သား။
No comments:
Post a Comment