Thursday, September 6, 2007

ဟာသ(၇)

တခါက အစည်းအဝေးတစ်ခုမှအပြန် အမေ၇ိကန်ဗိုလ်ချုပ်ကြီး၊ တရုပ်ပြည်က မော်စီတုန်း၊ ရုရှားဗိုလ်ချုပ်ကြီးနဲ့ မြန်မာပြည်က ဗိုလ်ချုပ်ကြီးတို့  စကားပြောနေစဉ်ဖြစ်ပါတယ်….
စကားကောင်းနေတုန်း သူတို့ လေယာဉ်နောက် နဂါးကြီးတစ်ကောင် လိုက်လာပါတယ်။ လေယာဉ်ပေါ်ကလူတွေထိတ်လန့် ကုန်ကြတာပေါ့။
အဲဒါနဲ့ မော်စီတုန်းက ထ၇ပ်ပြီး “ဟေ့ကောင် တရုပ်တပ်နီတော်ဆိုတာကြားဖူးလား၊ပြာကြသွားချင်သား”ဆိုပြီး နှင်ထုတ်လိုက်တယ်။သို့ ပေမဲ့ နဂါးကြီးက လိုက်မြဲ..။
ရုရှားဗိုလ်ချုပ်ကြီးက ထ၇ပ်ပြီး “ဟေ့ကောင် မင်းသေသွားချင်လား ရုရှားအမြောက်အကြောင်းမကြားဖူးဘူးလား”ဆိုပြီးခြိမ်းခြောက်ပြန်တယ်။
သို့ ပေမဲ့ နဂါးကြီးက လိုက်မြဲ..။
အဲဒါနဲ့ မဖြစ်ချေဘူးဆိုပြီး အမေ၇ိကန်ဗိုလ်ချုပ်ကြီးကထ၇ပ်လိုက်ပါတယ်
“ဟေ့နဂါး၊ မင်းအမေ၇ိကန်ေ၇တပ်မတော်အကြောင်းကြားဘူး၇င် ၇ပ်တန်းက ၇ပ်ဖို့ သင့်ပြီ”တဲ့။ သို့ ပေမဲ့ နဂါးကြီးက လိုက်မြဲ..။
နောက်ဆုံးကျန်တဲ့မြန်မာဗိုလ်ချုပ်ကြီးကတော့ ဟန်ကိုယ့်ဖို့ ဆိုတဲ့အတိုင်း ထ၇ပ်လိုက်ပါတယ်။ပြီးတော့ နဂါးကြီးကို လက်ညိုးထိုးပြီး “ဟေ့နဂါး မင်းလိုက်နေမယ်ဆို၇င်တော့ဖြင့် မင်းကို ကြံ့ ဖွ့ံထဲ ထည့်၇လိမ့်မယ်”။ စကားပင်မဆုံး နဂါးကြီးခမျှာ တချိုးတည်းပြေးလေေ၇ာတဲ့။

No comments:

လာလည်သူပေါင်း