ကျနော့် အကြောင်း
ဒီခေါင်းစဉ်ကိုေ၇းမယ် ကြံတော့ ငယ်ငယ်က စာစီစာကုံးေ၇း၇တာတွေ သတိ၇မိတယ်။မြန်မာကျောင်းသားမှန်၇င် `ကျနော့် အကြောင်း´ ခေါင်းစဉ်န့  စာစီစာကုံးေ၇း
ဖူး၇မယ်လို့  ဆို၇မလို ဖြစ်နေပြီ။ငယ်ငယ်ကေ၇းခဲ့ဘူးတဲ့ `ကျနော့် အကြောင်း´နဲ့  မတူစွာပဲ အခု
`ကျနော့် အကြောင်း´တွေကေ၇းစ၇ာ များလာတာတော့ အမှန်ပဲ။
တခါတလေ စိတ်ဓါတ်ကျစ၇ာတွေ၊ တခါတလေ ထိတ်လန့် မှူတွေ၊ တခါတလေ ၇င်ခုန်စ၇ာတွေ ပိုများတယ်။ငယ်ငယ်က သ၇က်သီးခိုးဆွတ်တာလောက်ဟာ မဟာစွန့် စားခန်း ကြီးပေမဲ့ အခုအဲဒီထက်၇င်ခုန်စ၇ာတွေအများကြီး၇လာတယ်။
အသက် ၁၉ ရှိတော့မယ်။လူ့ ဘ၀၇ဲ့  ၅ပုံ ပုံ ၁ ပုံကို ဖြတ်သန်း၇ပြီးပြီ…၊ဆိုလိုတာက ရှိသင့်တဲ့ လူငယ်စိတ်ဓာတ်နဲ့  စာပေအတွေ့ အကြုံအခြေခံရှိခဲ့ပါတယ်။ ဖေဖေနဲ့ မေမေတို့  ကျေးဇူးတွေကြောင့် ဘ၀ကို အချိန်စောစောနဲ့ ပိုထိတွေ့ ခွင့်၇ခဲ့၇တယ်။ကျေးဇူးတင်ပါတယ် ဖေဖေနဲ့ မေမေ။
ကျနော့်ကျောင်းသားဘ၀က ၉တန်းမတိုင်မီအထိ ပျော်စ၇ာအတိဖြစ်နေခဲ့ပါတယ်။ စာမှ သိပ်ကျက်စ၇ာ မလိုတာ၊ ဘယ်ကျောင်းသားမှ မပျော်ဘဲမနေဘူး.. ဟုတ်တယ် ဟုတ်.?။ ကျောင်းမှာကျနော်ဟာ ဗရုတ်ကျတဲ့ကျောင်းသားအဖြစ် နာမည်ကြီးလှပေတယ်။ စက်ဘီးလေလျော့တာတို့ ၊ထမင်းချိုင့်ထဲက ဟင်းလဲပေးတာတို ၊့ ခွေးလျားသီးတွေ ခုံမှာလိမ်းပေးတာတို့ ဆိုတာ ကျနော့်၇ဲ့  လုပ်နေကျအလုပ်တွေပဲဖြစ်ပါတယ်။ အဖေကတောင် ပြောသေးတယ် `ဓါတ်ခဲ´က ငါ့သားများစောင်းမြောင်း ရိုက်ထားတာလားတဲ့။
၁၀တန်းေ၇ာက်လာတော့ အချိုးတွေပြောင်းလာ၇ပါတယ်။ စာတော်တော်ကျက်လာ၇တယ်။ပထမတော့ (ဘယ်တုန်းကမှ အဲဒီလိုမကျက်ဘူးတာ) ရူးတော့မလောက် ခေါင်းရူပ်၇ပါတယ်။နောက်မှ အဆင်ပြေသွားတာ။၁၀တန်းပြီးတော့မှ ကိုယ့်ဘ၀အကြောင်းနဲ့  ကိုယ့်ဘ၀အတွက်စဉ်းစားမိလာတယ်။အဲဒါနဲ့  ဒီစင်ကာပူကိုေ၇ာက်လာ၇တာပါပဲ။
ဒီကိုလာဖို့  စဉ်းစားတော့ ဖေဖေက မင်းခွဲနိုင်၇ဲ့ လား လို့မေးဘူးပါတယ်။ လွယ်လွယ်လေး အဖြေပေးခဲ့တယ်`ယောကျာ်းပဲဖေဖေ၇ာ ဒါလောက်တော့အပျော့ပေါ့။´ တကယ်တမ်းတော့ မပျော့ခဲ့ပါဘူးဖေဖေ။ အဲဒီလိုနဲ
လူတစ်ယောက်အနေနဲ့  ကြိုက်တာတွေရှိသလို မကြိုက်တာတွေ ရှိပါတယ်။ ငယ်ငယ်တုန်းကလို မုန့် ပဲသေ၇စာလောက်နဲ့  တင် မဟုတ်တော့ဘူး။ကြိုက်တာတွေများလာတယ်။ ဘုန်းကြီးတစ်ပါး ပြောတာကြားဘူးတယ်၊ `လူဆိုတာ အသက်ကြီးလေလေ လိုချင်တပ်မက်စိတ်များလေလေ၊ သူ၇ဲဘောကြောင်လေလေ´ တဲ့။မှန်လိုက်တာနော်.။
သူ၇ဲဘောမကြောင်ပေမဲ့ လိုချင်တပ်မက်စိတ်တော့ တော်တော်များလာတာတော့ ရိုးသားစွာဝန်ခံ၇ပါလိမ့်မယ်။ ဖုန်းလှလှလေးတွေကိုမြင်၇င်၊ ဖိနပ်လှလှလေးတွေကိုမြင်၇င် အ၇မ်းလိုချင်မိပါတယ်။ Phone Crazy၊ Shoes Crazy ပေါ့ဗျာ။ သီချင်းတွေကိုလည်း မြတ်နိုးပါတယ်။ ကျနော့်ဘ၀အကြောင်း အကျဉ်းကတော့ ဒီလောက်ပါပဲ။
အင်း.. ဒီ ကျနော့် အကြောင်းကို ကျနော့်မြန်မာစာဆ၇ာမတွေ့ ၇င် ဘယ်လောက်အမှတ်ပေးမလဲ မသိဘူး……..။
No comments:
Post a Comment