Sunday, August 26, 2007

အချစ်လိုက်မုဆိုး

ပထမဆုံးေ၇းမိတဲ့ ကာ၇န်မဲ့ ကဗျာပါ။ဆိုလို၇င်းကို တည့်ေ၇းမိတယ်။နားလည်တယ်မဟုတ်လား။

ရိုင်းစိုင်းတဲ့သားကောင်သတ်တဲ့ မုဆိုးနဲ့ 

သူ့ ၇ဲ့ နှလုံးသားဟာ

အေးချမ်းတဲ့အချစ်၇ဲ့ မေတ္တာနဲ့ 

ဘယ်လိုမှ မသက်ဆိုင်ပါဘူး။

လူတစ်ယောက်ဖြစ်တဲ့

မုဆိုးဟာ 'ချစ်တယ်'လို့ 

ပြောခွင့်ရှိတယ်မထင်ဘူးလား။

လက်ဖြောင့်မုဆိုးဟာ

သား၇ဲကောင်၇ဲ့ ၇င်ခွင်ကို

တည့်မတ်စွာ မြှားပစ်သွင်းနိုင်ပေမဲ့

မုဆိုး၇ဲ့ 'ချစ်တယ်'ဆိုတဲ့စကားဟာ

မင်း၇ဲ့ ၇င်ခွင်ကို

ထိမှန်နိုင်ပါ့မလား။

မုဆိုး၇ဲ့ ကျော့ကွင်းဟာ

ဆတ်၊ဒ၇ယ်၊ယုန်

အကုန်၇ည်ရွယ်ပေမဲ့

မုဆိုး၇ဲ့  အချစ်ဟာ

မင်းတစ်ယောက်တည်းအတွက်ပါ။

ကဲ

ငါ့အသည်းကို ဒူးလေးပေါ်တင်ပြီး

ပြစ်လွတ်လိုက်တဲ့

ဒီစကားဟာ မင်း၇င်ခွင်ပြစ်ကွင်းကို

မထိခဲ့ဘူးပဲထား

ငါ လက်ဖြောင့်အောင် လေ့ကျင့်ဖို့ လိုပြီ။ ။

1 comment:

necrotic_hope said...

kg le` kg woo ko mote soe ya...bal lo pyit pyit hti mal htin pg...haw haw... :P

လာလည်သူပေါင်း