ဘာလို့ လဲလို့ တော့မသိဘူး. ကျောင်းလို့ ပြောလိုက်၇င် မျက်စိထဲမှာ RP ကိုမမြင်ပဲ မန်းမြေက (၁၃) အ.ထ.က ကိုဘဲမြင်နေမိတယ်။ သူငယ်တန်းကနေ ၉တန်းထိ နေခဲ့၇တဲ့ အဲဒီကျောင်းဟာ ကျနော်အပျော်မွေ့  ဆုံးကျောင်းလို့ ပြော၇င် အကြောင်းသိတွေက မလွန်ဘူးလို့ ပြောလိမ့်မယ်။
ကျောင်း၇ဲ့ ပ၇၀ုဏ်ဟာ လေးထောင့်စပ်ကျကျရှိပါတယ်။ကျောင်း၇ဲ့ အလယ်မှာ ပင်မအဆောင်တန်းကြီးရှိ၇ဲ့ ။ ပင်မအဆောင်တန်းလေးခုကို တံတားတစ်ခုစီနဲ့  ဆက်ထားပါတယ်။အဲဒီအဆောင်တံတားနဲ့ ကျောင်းအဆောင်တွေဆီတက်ဖို့  ကြောင်လိမ်လှေကားတစ်ခုစီရှိပါတယ်။ ခေတ်မီကျောင်းဆောင်တွေက ရှေးဟောင်းပင်မအဆောင်တွေကို ၀န်း၇ံထားပါတယ်.။ အဆောင်တွေကြားမှာ ပေါများစွာရှိတာကတော့ သက်တမ်း၇င့်မန်ကျည်းပင်တွေပဲဖြစ်ပါတယ်။ ပင်မအဆောင်တန်းရှေ့မှာ ဘယ်သူမှမကစားတဲ့ Basketball court တစ်ခုရှိပါတယ်။
၁၃ ဟူသည် အင်္ဂလိပ်တို့ ၏ ကံမကောင်းသောနံပါတ်ဖြစ်၏။ ဖြစ်နိုင်သည်… အဘယ့်ကြောင့်ဆိုသော် တခြားကျောင်းများနှင့် ၇န်ဖြစ်တိုင်း ဒဏ်၇ာအ၇ဆုံး၊ အသေအကြေအများဆုံးမှာ ကျနော်တို့  (၁၃)ပင် ဖြစ်ပါသည်။(ကိုယ်ကျောင်းကို ကြွား၇တာ မျက်နှာပူလိုက်တာ)။
ကျောင်းသားဆိုးဆိုးတွေ ကျောင်းမှာအမှတ်၇ဆုံးနေ၇ာ ၁နေ၇ာရှိပါတယ်။ ကျောင်းသားများက ထက်ထက်မိုးဦးလို့  ခေါ်ကြတဲ့နေ၇ာပေါ့။ကျောင်းတိုင်တစ်တိုင်ကိုနာမည်ပေးထားတာပါ။ ကျောင်းသားဆိုးဆိုးတွေကို တိုင်ဖက်အပြစ်ပေးတဲ့တိုင်ပေါ့။တိုင်က လူနှစ်ယောက်ဖက်စာလောက်ရှိတယ် ။ အပြစ်ရှိတဲ့ကျောင်းသားတစ်ယောက် တိုင်ဖက်လိုက်၇၇င် ကားကားလေးဖြစ်သွားတယ်။ဆ၇ာကနောက်ကနေ တုတ်နဲ့ စိတ်ရှိလက်ရှိ ဆော်ရုံပဲ။ ထက်ထက်မိုးဦးက အဲသလောက် ကျောင်းမှာနာမည်ကြီးပါတယ်။
ကျောင်းအုပ်ကြီးမကြိုက်သောအလုပ်ကိုအလုပ်ဆုံးကျောင်းသားများထဲတွင် ကျနော်တို့  တွေပါသည်။ ချစ်သည်းကျော်လေးတွေပေါ့(ထက်ထက်မိုးဦး နဲညားနေကျ)။ တခြားအလုပ်တော့မဟုတ်.. ဘောလုံးကန်ခြင်းပဲဖြစ်၏။ ကျနော်တို့ ကလည်း ကျနော်တို့ ။ကန်လိုက်တိုင်း ပြသနာတက်သည်။့ ရွှံပေနေသော ဘောလုံးနှင့် ဆ၇ာမအင်္ကျီအဖြူမိတ်ဆက်ပေးခြင်းတို့ ၊ ဂေါ်ရန် ပေါင်ဒါအဖြူလိမ်းတတ်သော ဆ၇ာ၏ မျက်ခွက်ကို ခွေးဟိုဒင်းပေနေသော cosmetic ဘောလုံးဖြင့် သုတ်လိမ်းပေးခြင်းပြုလုပ်နေသော အနှီကျနော်တို့  အား ကျောင်းအုပ်ကြီးနှင့်တကွ ဆ၇ာ၊ဆ၇ာမများကလည်း ၀ိုင်းဝန်းကာစေတနာထားကျပါသည်။ ထိုသို့ ဖြင့် ၁၀နှစ်ကြာနေလာခဲ့၇သော ကျနော့်ချစ်လှစွာသော (၁၃) အ.ထ.က ကြီးအား ၉တန်းအပြီးမှာ ၇င်နင့်စွာ ခွဲခွါခဲ့၇ပါသည်။
၁၃ အ.ထ.က မှ ဆ၇ာကြီးများအား ဆ၇ာမကြီးများအား အစဉ်အမြဲ ရိုသေလျက်……..
1 comment:
Hey, I miss our school so much... hint...wanna go back to our high school student's life.. miss all my friends, too. We did bad things together... ;)
Post a Comment